တန့်ယန်း ဇွန် ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ နမ့်ဟူး လွယ်ကာကျေးရွာအုပ်စု လွယ်ငင်းကျေးရွာ၌ ဒေသခံပြည်သူများ၊ တောင်သူလယ်သမားများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှစိုးဝင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းထွန်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာပြည့်ဖြိုးအောင်၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ ခေတ္တဦးစီးမှူး ဦးထွန်းလွင်ကျော်၊ ကျေးလက်ကျန်းမာရေးဌာနမှ ဒေါ်ဖြူဖြူနိုင်တို့က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟောပြောသည်။
ယင်းနောက် ဒေသခံတောင်သူလယ်သမားများ၏ မေးမြန်းချက်များကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိ ဌာနဆိုင်ရာ အကြီးအကဲများက ပြန်လည်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)