ရွှေဘို ဇွန် ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ သူနာပြုသင်တန်းကျောင်း၌ သင်တန်းသား၊ သင်တန်းသူ (၅၀)ဦးတို့အား သူနာပြု-သားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းခြင်းနှင့် သစ်လွင်သူနာ ပြုများအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာပေးခြင်း အခမ်းအနားကို ဇွန်လ (၁) ရက်နေ့က သူနာပြုသင်တန်းကျောင်း၊ သပြေညိုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက Virtual Zoom ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရွှေဘိုပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မောင်က သစ်လွင်သူနာပြုများအား အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သူနာပြုအုပ် ဒေါ်သန်းသန်းလှမှ ကြိုဆိုစကားပြောကြားခဲ့ပြီး သူနာပြုသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေသွယ်မိုးမှ ဝမ်းမြောက်ဂုဏ်ယူစကားပြောကြားခဲ့ကြောင်းသိရသည်။ ဆက်လက်ပြီး တာဝန်ရှိ သူများက သစ်လွင်သူနာပြုများအား နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ပေးအပ်သည့် ခန့်အပ်လွှာများကိုပေးအပ်ခဲ့ပြီး သစ်လွင်သူနာပြု ကျောင်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြော ကြားခဲ့ကြောင်း သိရသည်။
အောင်ထွန်းခိုင်(ပြန်/ဆက်)