နတ်တလင်း ဇွန် ၄
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ သွားလာရေးသိရှိနိုင်စေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီအချိန်က သရက်တပင်ကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် နတ်တလင်းယာဉ်ထိန်း ရဲတပ်ဖွဲ့စိတ်မှ ရဲအုပ် တက်ဌေးမှ ကျေးရွာနေ ပြည်သူများအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးနှင့်ပတ်သက်၍ မော်တော်ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရန်၊ မော်တော်ကားမောင်းနှင်သူများ၊ စီးနင်းသူများ ခါးပတ်ပတ်ရန်၊ ယာဉ်မောင်းသူတိုင်း ယာဉ်မောင်းလိုင်စင်ကိုင်ဆောင်ထားရန် လိုအပ်ပါကြောင်း၊ ယာဉ်မောင်းသူများ လိုက်နာရမည့်ယာဉ်စည်းကမ်းများ၊ လမ်းဖြတ်ကူးသွားလာနေသည့် ပြည်သူအများလိုက်ရမည့် လမ်းစည်းကမ်းများ၊ ယာဉ်တိုက်မှုဖြစ်ပွားစေသည့် အဓိကအကြောင်းအရင်းများ၊ မြို့တွင်းလမ်းမများတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ဖောက်ဖျက်ပါက ကျခံရမည့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းတို့ကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)