ပြည်ကြီးတံခွန် ဇွန် ၄
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၅) အခြေခံပညာအထက်တန်းကျောင်းခွဲရှိ ကျောင်းသား၊ ကျောင်းသူများအား ယနေ့မွန်းလွဲ ၁ နာရီက ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များအား အခမဲ့ ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ စာအုပ်စာစောင်များ ငှားရမ်းဆောင်ရွက်ပေးရာတွင် ယင်းရွေ့လျားစာကြည့်တိုက်ယာဉ်ရှိ သုတ၊ ရသ စာအုပ် ပေါင်းနှစ်ထောင်ကျော်ရှိပြီး နှစ်ပတ်လျှင်တစ်ကြိမ် အခမဲ့လှယ်လဲပေးသွားမည်ဖြစ်ပြီး မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
ယင်းစာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုလိုပါက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် အခမဲ့ လာရောက်ငှားရမ်း ဖတ်ရှုနိုင်ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ပြန်/ဆက်)