ကဝ ဇွန် ၄
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ မြစိမ်းရောင်ကျေးရွာ (ငါးကဏ္ဍ) ဖွံ့ဖြိုးရေးစီမံကိန်း စတုတ္ထ (၃) နှစ်သက်တမ်း၏ ဒုတိယနှစ်အတွက်ချေးငွေ ထုတ်ချေးခြင်းအခမ်းအနားကို ဇွန်လ ၂ ရက်နေ့ မွန်းတည့် (၁၂) နာရီအချိန်က အုန်းနှဲကျေးရွာ မြတ်ပါရမီဇီဝိတဒါန ပတ္တမြားဆေးခန်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှအောင်သိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ချေးငွေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြစိမ်းရောင်ကျေးရွာ (ငါးကဏ္ဍ) ဖွံ့ဖြိုးရေးအတွက် အုန်းနှဲကျေးရွာမှ ရေလုပ်သား (၄၅၄) ဦးအတွက် ချေးငွေ (၈၅၂) သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)