မိုးကောင်းမြို့နယ် ညောင်တောကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

မိုးညှင်း ဇွန် ၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညောင်တောကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နေမှုအခြေအနေမျာကို ယနေ့နံနက်(၁၀)နာရီက ခရိုင်အဆင့်တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မိုးညှင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးမြသိန်းဝင်း ဦးဆောင်သည့် မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေဝင်းနှင့် တာဝန်ရှိသူများက ညောင်တောကျေးရွာမှ ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့် တွေ့ဆုံရာတွင် ငွေစာရင်းပုံစံများ စနစ်တကျ ဖြည့်သွင်းဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စီမံကိန်းလက်စွဲ စာစောင်ပါ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီးနောက် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မိုးကောင်းမြို့နယ် ညောင်တောကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သိန်း(၃၀၀)ဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၆၇)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၂၅)ဦးနှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ (၁၄)ဦး စုစုပေါင်း စီမံကိန်းအသင်းသားအသင်းသူ(၁၀၆)ဦးကို ငွေကျပ်(၄၉၉)သိန်းအား လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးထားကြောင်း သိရသည်။

ရွှေမိုးညှင်း