ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ကျောက်ဆည်မြို့၌ ဇော်ဂျီဆည်ရေသောက်စနစ် နွားတက်၊ တမုတ်မြောင်းရေဖြင့် ကျေးရွာအုပ်စု ၁၀ အုပ်စုတွင် စီမံကိန်းသီးနှံ ၁၆၈၉ ဧက စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် နွေစီမံကိန်းသီးနှံများ လျာထားချက်ပြည့်မီကျော်လွန်ရေး စိုက်ပျိုးလျက်ရှိရာ ဇော်ဂျီဆည်ရေသောက်စနစ် နွားတက်၊ တမုတ်မြောင်းရေဖြင့် ကျေးရွာအုပ်စု ၁၀ အုပ်စုတွင် နွေစပါး၊ နွေနှမ်း၊ မိုးကြိုပဲတီစိမ်း၊ စီမံကိန်း သီးနှံ ၁၆၈၉ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

သာယာဝတီမြို့နယ်၌ နှစ်(၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် မီးသတ်ဦးစီးဌာနမှ နှစ် (၈၀) ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက် ၇ နာရီက ခရိုင်ပြည်သူ့ဆေးရုံ ကြီး တွင် စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ပျဉ်းမငုတ်တိုနှင့် ဘာသာစကားဆက်သွယ်ချက် (စာတမ်းငယ်) ခေါင်းစဉ်ဖြင့် စာပေ ချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် နှစ်(၈၀)ပြည့်အထိမ်းအမှတ်ဆိုင်းဘုတ် စိုက်ထူ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ရွှေတောင်မြို့နယ်တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထိမ်းအမှတ်ဆိုင်းဘုတ်စိုက်ထူခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒိုက်ဦးမြို့ အနန္တဂုဏ်ရည်ဆေးခန်း၌ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ဒိုက်ဦးမြို့နယ်၊ အမှတ် ၆ မင်းတဲရပ်ကွက်ရှိပှု ပါမောက္ခ ဒေါက်တာသန်းလွင်(အသည်းအထူးကုပါရဂူ) ဆောက်လုပ်လှူဒါန်းသော ဒေါ်ခင်ချစ်ဓမ္မာရုံရှိ အနန္တဂုဏ်ရည်ဆေးခန်း၌ ယနေ့နံနက်ပိုင်းက ရဟန်းရှင်/လူ လူနာ(၂၅၀)ဦးအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် အသက် နှစ် နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်လုပ်ငန်းများကို မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦး စုပေါင်းသွေးလှူဒါန်းနေမှုနှင့် ဆေးဝါးကုသနေမှုအား လိုက်လံကြည့်ရှုအားပေးပြီး ဘုန်းတော်ကြီးကျောင်းများ၌ လိုအပ်လျက်ရှိသော လှူဖွယ်ပစ္စည်းများကို လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် စုပေါင်းသွေးလှူဒါန်းနေမှုနှင့် ဆေးဝါးကုသနေမှုအား လိုက်လံကြည့်ရှုအားပေးပြီး ဘုန်းတော်ကြီးကျောင်းများ၌ လိုအပ်လျက်ရှိသော လှူဘွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းသည်။

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အသစ်ထပ်မံဆောင်ရွက်နေသည့် ဆိုလာရေတင်စီမံကိန်းသစ်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအတွင်း၌ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အသစ်ထပ်မံဆောင်ရွက်နေသည့် ဆိုလာရေတင်စီမံကိန်းသစ်များ ဆောင်ရွက်နေမှုအခြေအနေများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နှင့်အတူ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ဟုမ္မလင်း၌ ချင်းတွင်းမြစ်ရိုးတစ်လျှောက်ဘေးအန္တရာယ်ကင်းရှင်းရေး အနန္တရာယိကမ္မဝါစာနှင့် ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျယ်ချီးမြှင့်ခြင်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဆောင်ကျင်းပသည့် ဟုမ္မလင်းမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးတစ်လျှောက် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အနန္တရာယိကမ္မဝါစာနှင့် ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္စျယ်ချီး မြှင့်ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ