ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ Community Centre တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ကျောင်းသူ/ သားများဗဟုသုတရရှိပြီး သိရှိနိုင်စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၈ နာရီအချိန်က ကျင်းပပြု လုပ်ကြောင်း သိရှိရသည်။

မိတ္ထီလာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး အသိပညာပေး ဟောပြေပွဲပြုလုပ်

မန္တလေးတိုင်ဒေသကြီး၊ မိတ္ထီလာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ ရရှိစေရန် ရည်ရွယ်ပြီး ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ဟောပြောခဲ့ကြောင်းသိရသည်။

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် နွေရာသီ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ နွေရာသီ အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းကို မတ်လ(၁၅)ရက်၊ နံနက်(၉)နာရီခွဲက မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့၌ အခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင် အခြေခံတရုတ်စကားပြောသင်တန်း(အခမဲ့) ဖွင့်လှစ်

ပြည်ထောင်စုနယ်မြ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများ တရုတ်စကားပြောအခြေခံများရရှိစေရန်၊ သင်တန်းမစမီအချိန်အတွင်း စာအုပ်စာပေများ ဖတ်ရှုလေ့လာပြီး စာပေဗဟုသုတများရရှိစေရန် ရည်ရွယ်ချက်များဖြင့် အခြေခံတရုတ်စကားပြောသင်တန်း(အခမဲ့)ကို ယနေ့နံနက်ပိုင်းက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင် ဖွင့်လှစ်၍ စတင်သင်ကြားခဲ့သည်။

ကရသူရိမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးများအား အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်ပြသ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကျောင်းပိတ်ရက် စာကြည့်တိုက်သို့ လာရောက်ကြသည့် ကလေးများအား အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်ပြသခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒို့ကျေးရွာဂျာနယ် အတွဲ-၂၁၊ အမှတ်-၂ ပါ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)၏ “သုတနှင့် မုတအတွေ့အကြုံ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ကွန်ပျူတာသင်တန်း အမှတ်စဉ်(၂/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ (၂) နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အိမ်မဲမြို့နယ် Community Centre ခန်းမတွင် အခြေခံအင်္ဂလိပ်စာသင်တန်း အခမဲ့ ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြန်/ဆက် ဦးစီးဌာန နှင့် Youth Club အဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်တွင်ကျင်းပခဲ့သည်။

စစ်ကိုင်းခရိုင်ပြန်/ဆက်ရုံးတွင် ပုံတူပန်းချီရေးဆွဲပြိုင်ပွဲနှင့် နွေရာသီပန်းချီသင်တန်း ဆင်းပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းခရိုင်ရုံး Community Centre ၌ နွေရာသီအခြေခံပန်းချီသင်တန်းကို မတ်လ ပထမအပတ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ သင်တန်ဖွင့်လှစ်မှု အပေါ်တွင်အောင်မြင်မှုရှိ/မရှိကိုလည်းကောင်း တက်ရောက်ကြသည့် ကလေးများ၏ သင်ကြာသည့်ဘာသာရပ်အပေါ်တွင် လေ့လာမှတ်သားသင်ယူနိုင်စွမ်းကို စမ်းစစ်ချက်အနေဖြင့် ပုံတူပန်းချီရေဆွဲပြိုင်ပွဲနှင့် ပန်းချီသင်တန်းဆင်ပွဲ အခမ်းအနားကို မတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေ၊ ကဗျာရေးသားနည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ စာပေ၊ကဗျာရေးသားနည်း သင်တန်းကို မတ်လ (၈) ရက်နေ့မှ မတ်လ (၁၃) ရက်နေ့အထိဖွင့်လှစ်ခဲ့ပြီးဖြစ်ရာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်၁၀နာရီခွဲက အဆိုပါရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ