ကရသူရိမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကလေးများအား အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်ပြသ

ကရသူရိ မတ် ၁၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကျောင်းပိတ်ရက် စာကြည့်တိုက်သို့ လာရောက်ကြသည့် ကလေးများအား အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်ပြသခြင်းကို ယမန်နေ့နံနက် ၁၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်အေးအေးသန်းက ကျောင်းသားကလေးငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များ၌ အသိပညာဗဟုသုတများရရှိရေး စာအုပ်/ စာစောင်များဖတ်ရှုခြင်း စာဖတ်ရှိန် မြှင့်တင့်ရေးကိုလည်းကောင်း၊ ပလတ်စတစ်စွန့်ပစ်ပစ္စည်းစနစ်တကျစွန့်ပစ်ရေးနှင့် ဆိုးကျိုးများ အကြောင်းကို ပညာပေးဟောပြောသည်။

ထို့နောက် ပလတ်စတစ်စွန့်ပစ်ပစ္စည်း စနစ်တကျစွန့်ပစ်တတ်စေရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ရာ ကလေးများက လေ့လာကြည့်ရှုခဲ့ကြသည်။

ကရသူရိ(ပြန်/ဆက်)