အိမ်မဲ မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြန်/ဆက် ဦးစီးဌာန နှင့် Youth Club အဖွဲ့တို့ပူးပေါင်းဖွင့်လှစ်သည့် အခြေခံ အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်တွင်ကျင်းပခဲ့သည်။
အခမ်းအနားတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင် က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကိုလည်းကောင်း၊ Book Club ဥက္ကဌ ခင်ဘိုဘို နှင့် Youth Club ဥက္ကဋ္ဌ ဦးအောင်ကျော်သူ တို့က သင်တန်းဖွင့် အမှာစကားများကိုလည်းကောင်းအသီးသီး ပြောကြားခဲ့သည်။
ဆက်လက်ပြီး အခြေခံအင်္ဂလိပ်စာသင်တန်းကို သင်တန်းနည်းပြအဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စောသန္တာဦး ၊ Youth Club ဥက္ကဌ ဦးအောင်ကျော်သူ၊ Youth Club အတွင်းရေးမှုး နန့်အိစံ တို့က သင်တန်းသား/သူ (၂၀) ဦးကို သင်ကြားပေးပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၂)ပတ်ကြာသင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်
အိမ်မဲ (ပြန်/ဆက်)