ရမည်းသင်းခရိုင်တွင် ရာသီဥတုပြောင်းလဲခြင်းအကြောင်း အသိပညာပေး ဟောပြောပွဲနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက ဦးစီးသည့် ရာသီဥတုပြောင်းလဲခြင်းအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ပြုလုပ်သည်။