နွားထိုးကြီးမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

နွားထိုးကြီး မတ် ၁၅

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည် သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဒို့ကျေးရွာဂျာနယ် အတွဲ-၂၁၊ အမှတ်-၂ ပါ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)၏ “သုတနှင့် မုတအတွေ့အကြုံ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့ဦးစီးအရာရှိ ဦးတင့်လွင်ဦးမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြပြီး ရုံးဝန်ထမ်းများမှ စာပေသင်ကြားနာမှု မှတ်ခြင်းများသည် သုတအတွေ့အကြုံဖြစ်သည်။ ဗဟုသုတများခြင်းသည် အသိအမြင်ကြွယ်ဝစေသဖြင့် ကောင်းပါသည်။ သုတအတွေ့ အကြုံကိုစာဖတ်ခြင်း၊ ခရီးသွားခြင်း၊ သင်တန်းတက်ခြင်း၊  ဟောပြောပွဲ၊ ဆွေးနွေးပွဲများကို သွား ရောက်နားထောင်ခြင်းတို့မှ ရရှိနိုင်ပါသည်ဟု ဒို့ကျေးရွာဂျာနယ် အတွဲ -၂၁ ၊ အမှတ် -၂ ပါ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) သုတနှင့် မုတအတွေ့အကြုံ အတွေးအမြင်ဆောင်းပါးကို မိမိတို့ ဖတ်ရှုခဲ့သည့် အကြောင်းအရာများမှ နားလည်မှတ်သားထားရှိမှုများကို ဝန်ထမ်းများနှင့်အတူ တစ်ဦးချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။                                                                                                                                                                                

သန်းအောင်ဇော်