တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်း အသိပညာပေးဟောပြောပွဲ ကျင်းပပြီး ပုံပြင်ပြောပြိုင်ပွဲ ကျင်းပကြောင်း သိရသည်။