ဖြူးမြို့နယ်၌ ရက် (၁၀၀) စီမံချက်ဖြင့် အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် UID ဆောင်ရွက်ပေး

ဖြူး  မေ  ၂ 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်UID ဆောင်ရွက်ခြင်းကို ဧပြီလ(၂၉)ရက်နေ့ နံနက်(၁၀)နာရီက မြို့နယ်စည်ပင်သာယာခန်းမတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး  ဦးကျော်လွင်ဦးက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။ ထို့နောက်  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ အိမ်ထောင်စုစာရင်းနှင့် e-ID စနစ်ဖြင့် Biographic/ Biometric ကောက်ယူ၍ Unique ID နံပါတ်တစ်ပါတည်း ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ​ဆာင်ရွက်ပေးရာတွင် (၁၀)နှစ်ပြည့် (၇၆) ဦး၊ (၁၈)နှစ်ပြည့် (၂၆) ဦး စုစုပေါင်း (၁၀၂) ဦး ဆောင်ရွက်ပေးပြီးကြောင်းနှင့် ဖြူးမြို့နယ်အတွင်း  ဧပြီလ(၂၀)ရက်နေ့မှ ဇူလိုင်လ(၃၁)ရက်နေ့အထိ ရက် (၁၀၀)ကာလအတွင်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)