သရက်ချောင်း မေ ၂
တနင်္သာရီတိုင်ဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုးထုတ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်း လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီခွဲက သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း ပညာရတနာခန်းမတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အစိုးရသစ်၏ ရက်(၁၀၀) စီမံချက်သည် ပြည်သူများ၏ အခြေခံအခွင့်အရေးများ ရရှိစေရေး အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်ကာ ပြည်သူများ၏ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်နှင့် ဟောင်းနွမ်း ပျက်စီးခြင်းများကို အသစ်လဲလှယ်ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများ၊ UID ထုတ်ပေးခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သရက်ချောင်းမြို့နယ်၊ မြို့နယ်ဦးစီးအရာရှိ ဦးတင်အေးနှင့် ဝန်ထမ်းများက စနစ်တကျဆောင်ရွက်ပေးလျက်ရှိသည်။
ထို့နောက် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူ(၆၅)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်ပေးခြင်းနှင့် UID ကတ်ပြားများကို နေ့ချင်းပြီးပြုလုပ်ပေးနေမှုများကို သရက်ချောင်းမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းနှင့် ကော်မတီဝင်များက လှည့်လည်ကြည့်ရှုအားပေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တာဝန်ရှိသူများက ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)