ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

အိမ်မဲမြို့နယ်တွင် ရုံးဌာနများအရောက် Mobile Library စနစ်ဖြင့် စာအုပ် စာစောင်များ သွားရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော ဝန်ထမ်းများအား စာဖတ်ခြင်း အလေ့အထကောင်းများ ရရှိစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် မြို့နယ် သမဝါယမဦးစီးဌာနရုံးနှင့် မြို့နယ်စာတိုက်ရုံးတို့တွင် ယမန်နေ့ ညနေ ၃ နာရီတွင် သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား သိသင့်သိထိုက်သော အကြောင်းအရာ အချက်အလက်အခြေအနေများနှင့် အထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး အတွေးအခေါ် အမျှော်အမြင်များ ရင့်ကျက်လာ၍ ကိုယ်တိုင်စဉ်းစား ဆုံးဖြတ်တတ်လာနိုင်စေရေး သုတ၊ ရသ စာအုပ်စာစောင်များအား

ချမ်းအေးသာစံမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျောင်းသား/သူများ ဉာဏ်ရည်ဉာဏ် သွေးထက်မြက်လာစေရန် ပုံဆက်ဆွဲပြိုင်ပွဲ ပြုလုပ်

မန္တလေးခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/သူများအား သွက်လက်ထက်မြက်ပြီး ဉာဏ်ရည်ဉာဏ်သွေးထက်မြက်သော ကလေးများဖြစ်ပေါ်စေရန်ရည်ရွယ် ၍ ပုံဆက်ဆွဲပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀နာရီက ကျင်းပခဲ့သည်။

ပြင်စလူမြို့၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေဘိုခရိုင် လူထုအခြေပြုဗဟိုဌာန၌ သက်ရှိအားလုံးတည်မြဲဖို့​ ရေအရင်းအမြစ်ကို ထိန်းသိမ်းစို့​ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ်

စစ်ကိုင်းတိုင်း​ဒေသကြီး  ​ရွှေဘိုမြို့တွင် သက်ရှိအားလုံးတည်မြဲဖို့​ ရေအရင်းအမြစ်ကိုထိန်းသိမ်းစို့​ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ကို ယမန်နေ့ နံနက် ၁ဝ နာရီက ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန (Community Centre)  ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောင်းမြမြို့ Mobile Library Bus ဖြင့် ရပ်ကွက်/ကျေးရွာများအရောက်  စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သော ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library Bus)ဖြင့် ယမန်နေ့ နံနက်ပိုင်းက မြောင်းမြမြို့၊ ဘုရားငုတ္တိုရှမ်းစုကျေးရွာနှင့် အမှတ်(၁)ရပ်ကွက်သို့ သုတရသစာအုပ် စာစောင်မျိုးစုံ ယူဆောင်၍ သွားရောက်ငှားရမ်း ပေးခဲ့ကြသည်။

တောင်ဥက္ကလာပမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် ဟောပြောပွဲကို ယနေ့နံနက် (၁ဝး၀၀)နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမကော့မှူး၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်း‌ဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက်က စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းကို

တံတားမြို့၊ Community Centre ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အများပြည်သူအသိပညာဗဟုသုတတိုးပွားလာစေရန် စာအုပ်စာပေများအား

ကွမ်းခြံကုန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်​တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၈ နာရီက စာပေချစ်မြတ်နိုးသူများအသင်း(Youth Club)အဖွဲ့ဝင်များနှင့် (Women Club)ပူးပေါင်း၍
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ