စမ်းချောင်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို စမ်းချောင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စံပယ်ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ကျင်းပကြောင်း သိရသည်။