သာယာဝတီမြို့နယ်၌ ဆောင်းဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပဲတီစိမ်း၊ မတ်ပဲများအထွက်နှုန်းတိုးတက်ရေး အသိပညာပေးဆွေးနွေး

သာယာဝတီ အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် ဆောင်းဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပဲတီစိမ်း၊ မတ်ပဲများအထွက်နှုန်းတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက စံရွေးကျေးရွာနှင့်အောက်လက်ပံခုန်ကျေးရွာတို့၌ ပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုက သာယာဝတီမြို့နယ်အတွင်း ဆောင်းမြေပဲ၊ နှမ်းတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စားသုံးဆီဖူလုံမှုရရှိစေရေးနှင့် အထွက်နှုန်းကောင်းမွန်သည့် ဗီယက်နမ်မြေပဲမျိုးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေးဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက အထွက်နှုန်းကောင်းမွန်၍ ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီသော ဆီထွက်သီးနှံများ ဖြန့်ဖြူးဆောင်ရွက်သွားမည့်အခြေအနေများနှင့် စိုက်ပျိုးနည်းစနစ်များကို နည်းပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)