ဘီးလင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံပညာကျောင်းများ၌ နယ်လှည့်စာကြည့်တိုက်များ ဖွင့်လှစ်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် အနိုင်းပွန်ကျေးရွာအုပ်စု အ.မ.က (အင်းဖျား) ကျောင်းနှင့် မွန်းလွဲပိုင်းတွင် အ.မ.က (မာလိကာတောင်လေး) ကျောင်းများသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။