ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

သင်္ဃန်းကျွန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းကျင်းပ

နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်း ထမ်းဆောင်ကြမည့် ကျောင်းသား‌၊ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉း၃၀) အချိန်က သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း မြနီလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တနိုင်းမြို့ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကင်ဆားရာ၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်ရုံးအနေဖြင့် လူငယ်များ အသိပညာဗဟု သုတပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို သြဂုတ်လ ၂၂ ရက်နေ့၊ နံနက် (၁၀)နာရီက အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကင်ဆားရာ၌ ကွင်းဆင်းဆောင်ရွက်သည်။

တောင်ငူမြို့ ၌ “လူငယ်ရေးရာ” အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက တောင်ငူမြို့၊ ကောင်းမှုတော် အခြေခံပညာမူလတန်းလွန်ကျောင်း၌ “လူငယ်ရေးရာ” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပသည်။

မြောက်ဥက္ကလာပမြို့နယ် အ.မ.က (၄၃) ကျောင်းတွင် စာကြည့်တိုက် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာစောင်များ ပြသခြင်းကို ဩဂုတ်လ (၂၂) ရက်နေ့ နံနက် (၁၁) နာရီခွဲက အ.မ.က (၄၃) ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

ရမ်းဗြဲမြို့ အ.ထ.က (၁)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ နံနက်(၁၁)နာရီက အထက(၁)ကျောင်းရှိ မဟာပညာကျော်ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဦးမြို့ ယာယီခိုလှုံရာစခန်းမှ ကျောင်းသား၊ကျောင်းသူများ အသိပညာဗဟုသုတတိုးပွား စေရေး နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယာယီခိုလှုံရာစခန်းရှိ ကျောင်းသား၊ ကျောင်းသူများအား အသိပညာ ဗဟုသုတများ တိုးပွားစေရန်၊ စာဖတ်သည့်အလေ့အထများ ရရှိလာစေရန် ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက်ဖွင့် လှစ်ပေးခြင်းနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပသခြင်း တို့ကို ယမန်နေ့နံနက် ၁၁ နာရီက အောင်တပ်ရပ်ကွက် မင်္ဂလာအောင်စေတီဘုရား ယာယီခိုလှုံရာစခန်းရှိ ယာယီအခြေခံပညာ (မူလွန်) ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ၌ လူငယ်များနှင့်စာဖတ်ဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်လူထုအခြေပြု ဗဟိုဌာန (Community Centre) ၌ လူငယ်များနှင့်စာဖတ်ဝိုင်းကို ဩဂုတ်လ ၂၂ ရက်နေ့၊ မွန်းလွဲ ၃ နာရီက အဆိုပါအဆောက်အဦအစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့သည်။

ကျောက်ဖြူခရိုင် Community Centre ခန်းမ၌ Book Club အဖွဲ့ဝင်များနှင့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Book Club အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် ယမန်နေ့ နံနက်ပိုင်းက စာဖတ်ဝိုင်း ကျင်းပပြုလုပ်သည်။

ရှမ်းရွာသစ်မြို့တွင် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/ သူလူငယ်လေးများ ပလက်စတစ် သုံးစွဲမှုဆိုင်ရာအသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ကာကွယ်ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန်တုံမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ “မူးယစ်ကင်းစင်သောဘဝ သာယာလှပအေးချမ်းရ ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ မွန်းလွဲ(၁:၃၀)နာရီ အချိန်က ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊ အမှတ်(၁၂)ပါ စာရေးဆရာသိင်္ဂီမေရေးသားသည့် “မူးယစ်ကင်းစင်သော ဘဝ သာယာလှပအေးချမ်းရ”ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများနှင့် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ