မြေပုံမြို့ အ.ထ.က (သဲတန်း)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

မြေပုံ    ဩဂုတ် ၂၆

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကျင်းပပြုလုပ်ခြင်းကို ယမန်နေ့ နေ့လယ် (၁)နာရီက အ.ထ.က (သဲတန်း) ကျောင်း အစဉ်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အ.ထ.က (သဲတန်း)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းအောင်က အဖွင့်အမှာစကား ပြောကြားရာ၌ ကျောင်းသား/သူများအား စကားဝိုင်းဆွေးနွေးရာ၌ ပါဝင်ဆွေးနွေးရာရန်နှင့် ဆွေးနွေးချက်များမှ မိမိသိလိုသည်များကို စနစ်တကျမှတ်သားထားရန် ပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်သီရိဟေမာန်က လူငယ်ကစားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲဆက်လက်ကျင်းပရာ အထက (သဲတန်း) ကျောင်းမှ Grade – 12 ကျောင်းသား မောင်မြတ်သူအောင်က လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade – 12 ကျောင်းသူ မတင်ဇာဝင်းက လူငယ်ရည်မှန်းချက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade – 11 ကျောင်းသား မောင်မျိုးမြင့်အောင်းက လူငယ်နှင့်စည်းကမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade – 11 ကျောင်းသူ မဝင်းဝင်းခိုင်က လူငယ်နှင့်အသိပညာ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြသည်။ တက်ရောက်လာကြသော ကျောင်းသား/ကျောင်းသူများက မိမိသိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းကြရာ ဆွေးနွေးပြောကြားသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားသည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော ကျောင်းသား/သူများက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ/ရသ စာအုပ်များ၊ ဂျာနယ်/စာစောင်များနှင့် “မူးယစ်အကြမ်းဖက်၊ အကျင့်ပျက် အမှန်တရားတို့တိုက်ဖက်” ဓာတ်ပုံပြပွဲတို့ကို စိတ်ဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရှိရသည်။    

တင်ဝင်း