မိုင်းငေါ့ စက်တင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသနေပြည်သူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေဗဟုသုတများရရှိစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ Mobile စနစ်ဖြင့်စာအုပ်များကို ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အခြေခံပညာမူလတန်းကျောင်းတွင် ငှားရမ်းပေးခဲ့သည်။
အဆိုပါ Mobile စနစ်ဖြင့်စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် သုတ/ရသစာအုပ်များ၊ ရုပ်ပြစာအုပ်များ၊ မဂ္ဂဇင်းစာအုပ် များ၊ ကလေးများစိတ်ဝင်စာမည့် ရုပ်ပြစာအုပ်များကို တစ်ဦးလျှင်(၁)အုပ်နှုန်း ငှားရမ်းပေးခဲ့ပြီး Mobile စနစ် ဖြင့်စာအုပ်များ ငှားရမ်းပေးခြင်းကို ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများ၊ မြို့ပေါ်ရပ်ကွက်နေ ပြည်သူ့ များထံသို့ သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)