မိုင်းခတ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲကျင်းပ

မိုင်းခတ်      စက်တင်ဘာ  ၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မိုင်းခတ်)၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာနှင့်‌ ပန်းချီပြိုင်ပွဲများကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စွမ်းရည်ပြိုင်ပွဲများတွင် နိုင်ငံတကာ စာတတ်မြောက်ရေးနှင့်ပတ်သက်သည့် စာစီစာကုံးရေးသားခြင်း၊ ကဗျာစပ်ဆိုရေးသားခြင်းနှင့် ပန်းချီရေးဆွဲနည်းပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ခဲ့ပြီး ယင်းပြိုင်ပွဲများသို့ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကျောင်းသား/သူများဝင်ရောက်ယှဥ်ပြိုင်ကြပြီး စာစီစာကုံးပြိုင်ပွဲတွင် (၃၅)ဦး၊ ကဗျာရေးစပ်နည်းပြိုင်ပွဲတွင် (၃၅)ဦး၊ ပန်းချီရေးဆွဲနည်းပြိုင်ပွဲတွင်(၁၂)ဦး စုစုပေါင်း(၈၂)ဦးတို့ ပါဝင်ယှဥ်ပြိုင်ခဲ့ကြရာဆုရ ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပညာရေးစုံညီပွဲတော် အခမ်းအနားနေ့တွင် ဂုဏ်ပြုပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)