မိုင်းငေါ့မြို့၌ အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းငေါ့ စက်တင်ဘာ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကျောင်းသား၊ကျောင်းသူများအား စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိပြီး အသိပညာဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီက အ.မ.က ကျောင်း (တာလုံ)တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်မို့မိုက ကျောင်းသား၊ကျောင်းသူများအား  စာဖတ်ခြင်း၏ အကျိုးကျေးဇူးအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီးနောက် ကျောင်းသား/ကျောင်းသူများ စိတ်ရွှင်လန်း အပန်းဖြေနိုင်စေရန်အတွက် စာရေးဆရာကိုလင်း ရေးသားထားသော “မိတ်ဆွေစကားနားမထောင်မိ၍ ဒုက္ခရောက်မိသူ” ရုပ်ပြပုံပြင်စာအုပ်ဖြစ်  ကျောင်းသား၊ ကျောင်းသူလေးများအား ပုံပြောပြခြင်း အစီအစဉ်ကိုလည်း ဆောင်ရွက်ပေခဲ့ပြီး အသိပညာဗဟုသုတများ ရရှိစေရန် Mobile စာအုပ်ငှားရမ်းပေးချင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)