ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

မိုင်းဆတ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ စစ်တုရင်ပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့မွန်းတည့် (၁၂)နာရီခွဲက စစ်တုရင်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့ လူထုအ‌ခြေပြုဗဟိုပြုဌာနတွင် လူငယ်စကားဝိုင်းကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်လုံ)၊ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း တို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (လူထုအ‌ခြေပြုဗဟိုဌာန) ခန်းမတွင် ကျင်းပပြုလုပ်ပါသည်။

ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ (Book Club)အဖွဲ့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀:၀၀နာရီက (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ”စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။ 

မိုင်းယန်းမြို့နယ်တွင် လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းဆတ်ခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့မွန်းတည့် (၁၂) နာရီခွဲက စာရေးဆရာအောင်သင်း၏ “လူငယ်ဇွဲနှင့် ဤပညာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တာချီလိတ်ခရိုင် ပြည်သူ့စာကြည့်တိုက်သို့ မယ်ဟုတ်နှစ်ခြင်းကျမ်းစာကျောင်းမှ သင်တန်းသားများ လာရောက်လေ့လာ

မယ်ဟုတ် နှစ်ခြင်းကျမ်းစာကျောင်းမှ သင်တန်းသားများသည် ယမန်နေ့မွန်းလွဲပိုင်းက တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်သို့ လေ့လာရေးကွင်းဆင်းခဲ့ကြကြောင်းသိရသည်။

မံစီမြို့တွင် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ကျောင်းသားလူငယ်များ အသိပညာဗဟုသု တိုးပွားစေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ မွန်းလွှဲ (၁)နာရီက ခြံစု(အ.မ.က) ကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

မိုင်းခုတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ယနေ့နေ့လည် (၁၂:၁၅) နာရီက ကဗျာရွတ်ဆိုပြိုင်ပွဲကို အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလောမြို့နယ်၌ မူလတန်းအဆင့် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက မူလတန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲကို  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ