လွိုင်လင်မြို့ လူထုအ‌ခြေပြုဗဟိုပြုဌာနတွင် လူငယ်စကားဝိုင်းကျင်းပ

လွိုင်လင် ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်လုံ)၊ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (လူထုအ‌ခြေပြုဗဟိုဌာန) ခန်းမတွင် ကျင်းပပြုလုပ်ပါသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိန်းသန်းဌေးက လူငယ်စကားဝိုင်း ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ပြောကြားသည်။ ထို့နောက် အစိုးရနည်းပညာအထက်တန်းကျောင်း (ပင်လုံ) မှ ကျောင်းသား/ကျောင်းသူ (၅) ဦးတို့က လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားကြသည်။

ထို့နောက် လူငယ်စကားဝိုင်းသို့ တက်ရောက်ကြသည့် အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများ၊ အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက သိလိုသည်များမေးမြန်းခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ကြပြီးနောက် အစိုးရနည်းပညာ အထက်တန်းကျောင်း (ပင်လုံ) မှ ဒုတိယ ကျောင်းအုပ်ဆရာမကြီးက ဖြည့်စွက်ဆွေးနွေးပြီး လူငယ်စကားဝိုင်းကို အောင်မြင်စွာ ရုတ်သိမ်းလိုက်သည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ အစိုးရနည်းပညာအထက်တန်းကျောဂ်းမှ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ (၆၅) ဦး၊ အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်းမှ ဆရာ/ဆရာမ နှင့် ကျောင်းသား/ကျောင်းသူ (၅၀) ဦး တက်ရောက်ကြကြောင်း သိရသည်။

လွိုင်လင်မိုး(ခရိုင်ပြန်/ဆက်)