ဘူးသီးတောင်မြို့၌မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အရေးအသိပညာပေး Talk Show ကျင်းပ
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၁၁)နာရီအချိန်က မသန်စွမ်းသူများ၏ အလုပ်အကိုင်အခွင့်အရေး အသိပညာပေး Talk Show ကျင်းပခဲ့သည်။