ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတတိုးပွားစေရေး နယ်လှည့်စာကြည့်တိုက် လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးနှင့် ကျောင်းစာအပြင် ပြင်ဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၁၀) နာရီအချိန်တွင် အမှတ်(၂) ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မိုင်းလုံမြို့တွင် ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့်စာအုပ်စာစောင်များကို  ဌာနဆိုင်ရာရုံးများ သွားရောက်ငှားရမ်းပေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ပရိသတ်များ  စာပေဖတ်ရှုမှုအဆင်ပြေစေရန် ရွေ့လျား စာကြည့်တိုက် စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉) နာရီခွဲ အချိန်ခန့်က  မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင်  သွားရောက်ငှားရမ်းပေးခဲ့သည်။ 

သိန္နီမြို့၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲနှင့်စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့တွင် ဇူလိုင်လ (၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အနေဖြင့် စာတမ်းဖတ်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

ပေါင်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အသိပညာပေး (Talk Show) ပြုလုပ်

မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အသိပညာပေး (Talk Show) ပြုလုပ်ကျင်းပခြင်းကို ယမန်နေ့နေ့လယ် (၂)နာရီက ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကျိုက်ထိုမြို့နယ်တွင် ပုံပြင်ပြောပြိုင်ပွဲ၌ ဆုရသူအားဆုချီးမြှင့်

 မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)တွင် ပြုလုပ်သည့် ပုံပြင်ပြောပြိုင်ပွဲ၌ ဆုရရှိသူအား ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကျင်းပပြုလုပ်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များ ပူးပေါင်း၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ ယနေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

မိုင်းခတ်မြို့၊ လူထုအခြေ‌ပြုဗဟိုဌာန၌ မိုးရာသီအလွတ်တန်းဘောလုံးပြိုင်ပွဲ စည်းကမ်း ထိန်းသိမ်းရေး ဆပ်ကော်မတီမှ အစည်းအဝေးပြုလုပ်

ရှမ်းပြယ်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုင်းခတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ အခမ်းအနားကို စည်းကမ်းထိန်းသိမ်း‌ရေးနှင့်အညီ စနစ်တကျကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

မိုင်းပျဉ်းမြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ်အသိပညာပေး Talk Show ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ်အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မိုင်းခတ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာ‌စောင်များ ငှားရမ်း‌ပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်‌ပေးခြင်းကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က မိုင်းခတ်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်ဆန်မြို့ ပြည်သူ့စာကြည့်တိုက်တွင် ကလေးသူငယ်များ စာအုပ်၊ စာစောင်များကို နေ့စဉ်လာရောက် ဌားရမ်းဖတ်ရှု

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ကျောင်းစာအပြင် ပြင်ပ ဗဟုသုတရှာဖွေရန် စိတ်ဝင်စားသည့် ကလေးသူငယ်များ အနေဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုလေ့လာသူများ တစ်နေ့ထက်တစ်နေ့ ပိုမိုများလာကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ