တနင်္သာရီတိုင်းဒေသကြီး

သရက်ချောင်းမြို့နယ်၌ “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာကြည့် တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၉ နာရီက သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။

ခမောက်ကြီးမြို့၌မူလတန်း ကျောင်းသားကျောင်းသူများအား အာဟာရကျွေးမွေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင်  ခမောက်ကြီးမြို့တွင်  ကျောင်းနေအရွယ် ကလေး များအား ဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် အခြေခံပညာကျောင်းများတွင်  ပညာသင်ယူနေ သည့်  မူလတန်းကျောင်းသားကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို  ၉ ရက် နံနက် ၁၁ နာရီခွဲက အခြေခံပညာအလယ်တန်း ယုဇနကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။      

သရက်ချောင်းမြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော် ပြပွဲ၊ ပြိုင်ပွဲများနှင့် စာပေဟောပြောပွဲကျင်းပ

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေ လေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှ ရရှိသောအသိပညာဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသော “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်  ပြိုင်ပွဲများ၊ ပြပွဲများပျော်ပွဲရွှင်ပွဲများနှင့် စာပေဟောပြောပွဲကို ယနေ့နံနက်ပိုင်းမှစတင်၍ သရက်ချောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။

သရက်ချောင်းမြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနား၊ ပြပွဲ၊ ပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် စာပေဟောပြောပွဲကျင်းပ

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာဖတ်ရှုခြင်းမှရရှိသောအသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသော စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနား၊ ပြိုင်ပွဲများ၊ ပြပွဲများပျော်ပွဲရွှင်ပွဲများနှင့် စာပေဟောပြောပွဲကို စက်တင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်းမှစတင်၍ သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ကျွန်းစုမြို့၌ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်း အာဟာရကျွေးမွေး

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာန၊ အ-ထ-က ကျွန်းစုကျောင်းတို့ ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား စက်တင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက အ-ထ-က ကျွန်းစုကျောင်း၌ ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ခမောက်ကြီးမြို့၌ နိုင်ငံတကာစာတက်မြောက်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအလယ်တန်းအဆင့် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲကျင်းပ

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌  နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်း အမှတ် အခြေခံပညာအလယ်တန်းအဆင့် ပုံပြောနှင့် ကဗျာရွတ်ပြိုင်ပွဲကို စက်တင်ဘာ  ၁၀ ရက်နေ့နံနက် ၉ နာရီခန့်က အ.လ.က ယုဇန ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမြတ်ကို အမှတ်(၈) အခြေခံ ပညာအထက်တန်းကျောင်း၌ "စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်"သို့တက်ရောက် ကြည့်ရှုအားပေး

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေလေ့လာဖတ်ရှုနိုင်ရန်၊ စာပေလေ့လာ ဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချ မျှဝေပေးနိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်သန်စွမ်းစေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ပူးပေါင်းကျင်းပသော “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” ကို စက်တင်ဘာ ၁၀ ရက်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

ဘုတ်ပြင်းမြို့ အ-မ-က-၃၅၈ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင်  အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်ခြင်းကို စက်တင် ဘာ  ၁၀ ရက်နေ့ နံနက် ၁၀ နာရီက ဘုတ်ပြင်းမြို့ အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု ကရိုင်တိုင်ကျေးရွာ အ-မ-က-၃၅၈ ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ထားဝယ်မြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးထိန်းသိမ်းရေးဦးစီးဌာန၏ လမ်းညွှန်ကြီးကြပ်မှုဖြင့်ထားဝယ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့” အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို စက်တင်ဘာ ၉ ရက်နေ့ နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ကရသူရိမြို့၌ (KG) ကျောင်းသား၊ ကျောင်းသူများအား စား‌သောက်ဖွယ်ရာများ ကျွေးမွေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (KG) ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းရေးနှင့် အာဟာရပြည့်ဝစွာရရှိရေး စားသောက်ဖွယ်ရာများကို စက်တင်ဘာ ၉ ရက်နေ့ နံနက် ၁၁ နာရီက ကျွေးမွေးခဲ့ကြသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး