တနင်္သာရီတိုင်းဒေသကြီး

ပလောက်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီကျောင်းပေါင်းစုံ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ အခြေခံပညာကျောင်းများ၏ ကျောင်းပေါင်းစုံ မိုးရာသီဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကွင်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ(၂)နာရီက ပလောက်မြို့ မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီမြို့နယ်ပညာရေးမှူးဖလား ပိုက်ကျော်ခြင်းဗိုလ်လုပွဲနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးမှူး ဖလား အသက်(၁၈)နှစ်အောက် ပိုက်ကျော်ခြင်းဗိုလ်လုပြိုင်ပွဲကို စက်တင်ဘာ ၁၁ ရက် နံနက်(၉)နာရီက မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ထားဝယ်ဒေသအမှတ်ပေး (အမျိုးသား) ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ထားဝယ်ဒေသအမှတ်ပေး (အမျိုးသား)ဘောလုံး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁၀ ရက်ညနေပိုင်းက ထားဝယ်မြို့ရွှေဝယ်သီရီအားကစားကွင်း၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်  ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ၏(၄/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏(၄/၂၀၂၅)ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင်  တိုင်းဒေသကြီးဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ခရီးသွားလုပ်ငန်းများတွင်ပါရှိသည့် ခရီးစဉ်များကို အသစ်ပြန်လည်ရေးဆွဲရန်၊  ဟိုတယ်လုပ်ငန်းများတွင် ပြန်လည်ပြုပြင်ရမည့်လိုအပ်ချက်များပြင်ဆင်ရေးဆွဲရန်၊ ဝန်ထမ်းအင်အား ပြည့်မီအောင်ခန့်ထားရန်၊ ကျွမ်းကျင်ဝန်ထမ်းများခန့်ထားရန် လိုအပ်ကြောင်း မှာကြားသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို  စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ "စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်" ဆုချီးမြှင့်ပွဲအခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့ အမှတ်(၈) အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက“စာအုပ်စာပေသည် လူမျိုး၏ယဉ်ကျေးမှု မဏ္ဍိုင်ဖြစ်ပြီး စာအုပ်မျိုးစုံသည် လူသားများ၏ ခေတ်ကြေးမုံပြင်ဖြစ်ကြောင်း၊ စာအုပ်စာပေသည် လူသားများအတွက် မိတ်ဆွေကောင်းဖြစ်ပြီး စာပေမြင့်လာသည်နှင့်အမျှ လူမျိုးလည်းတင့်တယ် ဝင့်ကြွား လာမည်ဖြစ်ကြောင်းပြောကြားသည်။

ပြည်ကြီးမဏ္ဍိုင်မြို့ ကလေးစာဖတ်ခန်းတွင် ပုံပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်လာစေရန်၊ ယှဉ်ပြိုင်တက်သည့် အလေ့အကျင့်များရရှိစေရန်၊ အသိဉာဏ်ပညာ ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်နှင့် စာကြည့်တိုက်အသုံးချမှု ပိုမိုတိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့  ညနေပိုင်းက ကလေးစာဖတ်ခန်း၌ ပုံပြောပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပွဲကို ကျင်းပခဲ့သည်။

ပြည်ကြီးမဏ္ဍိုင်မြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ  ၁၁ ရက်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) တွင် ကျင်းပခဲ့သည်။

ခမောက်ကြီးမြို့ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပြိုင်ပွဲများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် မြန်မာစာစာလုံးပေါင်းသတ်ပုံရွေးချယ်ပြိုင်ပွဲကို စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၉ နာရီက အ.လ.က ယုဇနကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်၌ အခြေခံပညာကျောင်းများတွင် KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရ ကျွေးမွေးခြင်းဆောင်ရွက်

ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများရှိ KG ကျောင်းသား၊ ကျောင်းသူများအား စက်တင်ဘာလ  ၉  ရက်နေ့မှ စတင်၍ အာဟာရကျွေးမွေးလျက်ရှိကြောင်း သိရသည်။

တနင်္သာရီမြို့နယ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲပေးခြင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို စက်တင်ဘာ ၁၁ ရက်နေ့နံနက် (၉) နာရီအချိန်က မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး