ခမောက်ကြီး စက်တင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ခမောက်ကြီးမြို့တွင် ကျောင်းနေအရွယ် ကလေး များအား ဟာရဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ဖြင့် အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေ သည့် မူလတန်းကျောင်းသားကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ၉ ရက် နံနက် ၁၁ နာရီခွဲက အခြေခံပညာအလယ်တန်း ယုဇနကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ကျောင်းတွင်းအာဟာရကျွေးမွေးရာတွင် မူလတန်းကျောင်းသား/ကျောင်းသူ (၇၇)ဦးတို့ကို အစာအာဟာရ သုံးအုပ်စုတွင်ပါဝင်သော ထမင်း၊ ဟင်း၊ မုန့်နှင့် အချိုရည်တို့ကို ကျွေးမွေးသည်။ ကျောင်းသားကျောင်းသူများ၏ ကာယဉာဏဖွံ့ဖြိုးတိုးတက်ရေးအတွက် အစာ အာဟာရများကို သင့်တင့်မျှတစွာစားားသုံးနိုင်ရေးနှင့် ကျန်းမာသန်စွမ်းသော ကလေးငယ်များဖြစ်လာစေရေးအတွက် ဖြည့်စွက်အစာများကို ကျွေးမွေးခြင်းဖြစ်ကြောင်းသိရသည်။
ခမောက်ကြီး (ပြန်/ဆက်)