တနင်္သာရီတိုင်းဒေသကြီး

ဘုတ်ပြင်းမြို့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

အောက်တိုဘာ(၁)ရက်တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီခွဲက အမှတ်(၁၈) တပ်မတော်ဆေးရုံ ခုတင်(၁၀၀) ၌ စုပေါင်းသွေးလှူဒါန်းသည်။

မြိတ်မြို့တွင် လူငယ်ရေးရာအသိပညာပေးဟော‎ပြောပွဲများနှင့်စာဖတ်ရှိန်မြှင့်တင်ရေး ဆောင်ရွက်

‎တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ပြန်ကြား‎ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်းလုပ်ငန်းများကို မြိတ်မြို့အခြေ‎ခံပညာအထက်တန်းကျောင်း အထက(၂)နှင့် အထက (၇) တို့တွင် စက်တင်ဘာ ၁၇ ရက်က ကျင်းပသည်။

ကော့သောင်းမြို့တွင် (KG) ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်း ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကောင်းသောင်းမြို့တွင် (KG) ကျောင်သား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို စက်တင်ဘာလ (၁၇) ရက်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ အ.လ.က(ခွဲ)ရွှေဇင်ယော်၁၊ အ.လ.က(ခွဲ)ရွှေဇင်ယော်၂၊ အ.ထ.က(ခွဲ)အေးရိပ်ငြိမ်၁၊ မူလွန်အေးရိပ်ငြိမ်(၂)၊ မူလွန် ရွှေပြည်သာ၂၊ အ.လ.က (၃)၊ အ.ထ.က(ခွဲ)၊ အ.လ.က(၁)၊ အ.ထ.က(၃)၊ အ.ထ.က(ခွဲ)၊ အ.လ.က(၄)ကျောင်း စသည့် အခြေခံပညာကျောင်း (၉) ကျောင်းတွင် ဆောင်ရွက်ခဲ့ကြသည်။

ကရသူရိမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ် ပြသ‌ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်ပြသ‌ဆောင်ရွက်ခြင်းကို စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြဗဟိုဌာန၌ ပြုလုပ်သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်

ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကိုယနေ့နံနက် ၉ နာရီခွဲက တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တက်ရောက်အမှာစကားပြောကြားသည်။

ဘုတ်ပြင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့ မြေစိုက်ပိုစတာ စိုက်ထူ

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မဲဆန္ဒရှင်ပြည်သူများအား နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့ စာသားပါမြေစိုက်ပိုစတာကို စက်တင်ဘာ ၁၆ ရက်နေ့နံနက်က မြန်မာ့စီးပွားရေးဘဏ် လမ်းဆုံတွင် စိုက်ထူခဲ့ကြသည်။

ကရသူရိမြို့၌ (KG) ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအကြိမ် အာဟာရကျွေးမွေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ (KG) ကျောင်သား၊ ကျောင်းသူများအား ဒုတိယအကြိမ် အဟာရကျွေးမွေးခြင်းကို စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီက ကျွေးမွေးခဲ့ကြသည်။

တနင်္သာရီမြို့နယ်တွင် အခွန်ဆိုင်ရာ အသိပညာပေး ရှင်းလင်းပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာများရှိ လုပ်ငန်းရှင်များအား တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများ၊ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ အခွန်ပညာပေးရှင်းလင်းပွဲကို စက်တင်ဘာ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကော့သောင်းမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ(၁၆)ရက်တွင်ကျရောက်သည့်  ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို စက်တင် ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့၊ အမှတ်(၁)‌ အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမတွင် ကျင်းပရာ အခမ်း အနားသို့ ခရိုင်နှင့်မြို့နယ်ပညာရေးမှူးများ၊ ကော့သောင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များ တက်ရောက်ခဲ့ကြသည်။

မြိတ်မြို့တွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပ

၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ မြင်းမိုရ်ကိုယ်ပိုင်အထက်တန်းကျောင်း၌ စက်တင်ဘာ ၁၆ ရက်နံနက် ၉ နာရီခွဲက မြိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး