မြိတ် စက်တင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ခြင်းလုပ်ငန်းများကို မြိတ်မြို့အခြေခံပညာအထက်တန်းကျောင်း အထက(၂)နှင့် အထက(၇) တို့တွင် စက်တင်ဘာ ၁၇ ရက်က ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာက လေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ချိုချိုစန်းက ဆက်သွယ်ရေးလိမ်လည်မှုအကြောင်းတို့ကို ကျောင်းသား ကျောင်းသူများအား အသိပညာပေးဟောပြောသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်တို့ကိုပြသပေးခြင်း၊ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်၍ သုတ/ရသစာအုပ်စာစောင်များ ငှားရမ်းပေးခြင်း၊ စာငှားကတ်များပြုလုပ်ပေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်တစားလေ့လာဖတ်ရှုကြကြောင်း သိရသည်။
ကြည်ဇေသော်