ဘုတ်ပြင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့ မြေစိုက်ပိုစတာ စိုက်ထူ

ဘုတ်ပြင်း  စက်တင်ဘာ  ၁၆

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မဲဆန္ဒရှင်ပြည်သူများအား နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့ စာသားပါမြေစိုက်ပိုစတာကို စက်တင်ဘာ ၁၆ ရက်နေ့နံနက်က မြန်မာ့စီးပွားရေးဘဏ် လမ်းဆုံတွင် စိုက်ထူခဲ့ကြသည်။

မြေစိုက်ပိုစတာစိုက်ထူခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီနှင့် ကော်မတီဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မဲဆန္ဒရှင်ပြည်သူများအား နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး အသိပညာ‌ပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)