ဘုတ်ပြင်းမြို့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

ဘုတ်ပြင်း   စက်တင်ဘာ     ၁၇

အောက်တိုဘာ(၁)ရက်တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  စက်တင်ဘာ ၁၇ ရက် နံနက် ၁၀ နာရီခွဲက အမှတ်(၁၈) တပ်မတော်ဆေးရုံ ခုတင်(၁၀၀) ၌ စုပေါင်းသွေးလှူဒါန်းသည်။

အမှတ်(၁၈)တပ်မတော်ဆေးရုံ ခုတင်(၁၀၀)တွင် အရာရှိများ၊ အခြားအဆင့်ရဲတပ်ဖွဲ့ဝင်များ  သွေးလှူဒါန်းနေမှုကို  ဘုတ်ပြင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနိုင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးနိုင်ဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး တပ်ဖွဲ့ဝင်များအား  အာဟာရဖြည့်စွက်စာ များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)