တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်

တနင်္သာရီတိုင်းဒေသကြီး  ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်း အနားကို စက်တင်ဘာ ၁၇ ရက် ညနေ ၃ နာရီ က ထားဝယ်မြို့ ရွှေဝယ်သီရီအားကစား ကွင်း၌ ကျင်းပသည်။ ဗိုလ်လုပွဲယှဉ်ပြိုင်နေမှုကို  တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများကကြည့်ရှုအားပေးရာ ထားဝယ်ခရိုင်(က)အသင်းက မြိတ်ခရိုင်အသင်း ကို (၃)ဂိုး - ဂိုးမရှိဖြင့်အနိုင်ရသည်။

ပလောက်မြို့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြောပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် စက်တင်ဘာ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပလောက်နယ်မြေရဲစခန်းတို့ပူးပေါင်းပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် မူးယစ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

တနင်္သာရီတိုင်းဒေကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မူးယစ်အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီက အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရေဖြူ၌ ဝဥစိုက်ပျိုးထုတ်လုပ်သူများ ဈေးကောင်းရရှိပြီး ဝင်ငွေတိုး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ဝဉစိုက်ပျိုးထားသူများ ဈေးကောင်းရရှိသဖြင့် မိသားစုဝင်ငွေတိုးကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲများနှင့် ပြိုင်ပွဲများ ကျင်းပ

ကျောင်းသား/သူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာ‌စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာစေရန်ရန်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စက်တင်ဘာ ၁၈ ရက်နေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများ ကျင်းပခဲ့သည်။

သရက်ချောင်းမြို့နယ်၌ တစ်ပိုင်တစ်နိုင် နို့စားနွားမွေးမြူရေးလုပ်ငန်းမှ နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရောင်းချ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာလမင်းကိုကိုနှင့် ဝန်ထမ်းများက သရက်ချောင်းမြို့၊ နို့စားနွားမွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသည့် ပန်းတောရပ်ကွက်နေ ဦးဇင်မောင်ထွေးခြံသို့ သွားရောက်၍ တစ်ပိုင်တစ်နိုင်နို့စားနွားမွေးမြူရာ၌ စနစ်တကျမွေးမြူနိုင်ရန်နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရာတွင် စနစ်တကျထုတ်လုပ်‌ရောင်းချနိုင်ရန်အတွက် လိုအပ်သည်များကို စစ်ဆေးမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကရသူရိမြို့၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး ဟောပြောခြင်း၊ စာအုပ်၊ စာစောင်နှင့် နံရံကပ်ဘုတ်များပြသ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး ဟောပြောခြင်း၊  စာအုပ်၊ စာစောင်နှင့်နံရံကပ်ဘုတ်များပြသခြင်းကို စက်တင်ဘာလ ၁၈ ရက် နံနက် ၁၀နာရီက ဆောင်ရွက်ခဲ့သည်။

ကရသူရိမြို့၌ ကျောင်းသား၊ ကျောင်းသူများအား Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ကရသူရိမြို့၌   ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားရေး Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ လက်ဝယ်အရောက် ငှားရမ်းပေးခြင်းကို စက်တင်ဘာလ ၁၈ ရက်နံနက် ၁၁ နာရီက အခြေခံပညာအထက် တန်းကျောင်း၌ ငှားရမ်းပေးခဲ့သည်။

ပြည်ကြီးမဏ္ဍိုင်မြို့၌ ယာဉ်အန္တရာယ်ကင်းဝေးရေး စစ်ဆေးဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၌ ပြည်သူများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာကျင့်သုံးရေးနှင့် ယာဉ်အန္တရာယ်ကင်းဝေးရေး စစ်ဆေးမှုကို စက်တင်ဘာ ၁၈ ရက်နေ့ နံနက် ၉ နာရီက လေညာ အရှေ့ရပ်ကွက်  ပြည်ထောင်စုကားလမ်းမကြီး၌ စစ်ဆေးဆောင်ရွက်သည်။

ပြည်ကြီးမဏ္ဍိုင်မြို့ ကလေးစာဖတ်ခန်းတွင် ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊  ပြည်ကြီးမဏ္ဍိုင်မြို့  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်လာစေရန်၊ ယှဉ်ပြိုင်တတ်သည့် အလေ့အကျင့်များ ရရှိစေရန်၊ အသိဉာဏ်ပညာ ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်နှင့် စာကြည့်တိုက်အသုံးချမှု ပိုမိုတိုးပွားလာစေရန်ရည်ရွယ်၍ ယမန်နေ့  ညနေပိုင်းကကလေးစာဖတ်ခန်း၌ ကဗျာရွတ်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပွဲကို ကျင်းပခဲ့သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး