ကော့သောင်းမြို့တွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၈) ရက်နေ့၌ ကျရောက်မည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ စာစီစာကုံး၊ ကဗျာ၊ ပိုစတာ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲများ ကျင်းပခြင်းကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။