တနင်္သာရီတိုင်းဒေသကြီး

တနင်္သာရီတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း၌ ကျင်းပသည်။

ထားဝယ်မြို့တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

(၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

ကလိန်အောင်မြို့၌ ယခုနှစ် မိုးရာသီကာလတွင် သံပုရာသီးများ ဈေးကောင်းရရှိ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားရေးအဖြစ် အဓိကလုပ်ကိုင်လျက်ရှိရာ ယခုနှစ် မိုးရာသီကာလတွင် သံပုရာသီးများဈေးကောင်းရရှိ၍ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။

မြိတ်မြို့တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြသင်တန်း ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၏ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြသင်တန်းကို ယနေ့နံနက်ပိုင်းက မြိတ်တက္ကသိုလ် ပုလဲသစ္စာခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

သရက်ချောင်းမြို့နယ်၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေးပေါင်း တိုက်ကျွေးခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးကြီးကြပ်မှုဖြင့် ဆရာ/ဆရာမများက ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး သန်‌ချဆေးပေါင်း တိုက်ကျွေးပေးခြင်းကို ယမန်နေ့က သရက်ချောင်းမြို့နယ်ရှိဌာနဆိုင်ရာရုံးများ၌ ဆောင်‌ရွက်ပေးခဲ့သည်။

တနင်္သာရီမြို့နယ်၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ အမျိုးသမီးအခြေခံ အပ်ချုပ်စက် ၂ လ သင်တန်းဆင်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ မိသားစု ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်စေရန်၊ အမျိုးသမီးများ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆင်းရဲမှုလျော့ချစေရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေကာ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် (၂) လအကြာ ဖွင့်လှစ်သင်ကြားပေးခဲ့သည့် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုပညာ (အမျိုးသမီးအခြေခံအပ်ချုပ်စက်) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမအတွင်း ကျင်းပြုလုပ်ခဲ့သည်။

သရက်ချောင်းမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအ‌ထောက်အကူပြုအဆင့်မြင့် အပ်ချုပ်စက် (၂) လသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က အသက်မွေးဝမ်းကျောင်းအ‌ထောက်အကူပြု အဆင့်မြင့် အပ်ချုပ်စက် (၂)လသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။

ထားဝယ်မြို့တွင် သမဝါယမအသင်းစုချုပ်၏နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တို့အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးသမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၏ သမဝါယမကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၏ သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

ထားဝယ်မြို့တွင် ကရင်ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချူပ်၏ လမ်းညွန်မှုဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ကြီးမှူးကျင်းပသော ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး