သရက်ချောင်း စက်တင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးကြီးကြပ်မှုဖြင့် ဆရာ/ဆရာမများက ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး သန်ချဆေးပေါင်း တိုက်ကျွေးပေးခြင်းကို ယမန်နေ့က သရက်ချောင်းမြို့နယ်ရှိဌာနဆိုင်ရာရုံးများ၌ ဆောင်ရွက်ပေးခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဦးဇော်လွင်ဦးဆောင်၍ ဆရာ/ဆရာမများက မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ သွားရောက်ကာ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ဆင်ခြေထောက်ရောဂါကင်းဝေးရေး သန်ချဆေးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)