တနင်္သာရီတိုင်းဒေသကြီး

ထားဝယ်မြို့နယ်အတွင်းရှိ ရွှေဆိုင်လုပ်ငန်းရှင်များအား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ရွှေဆိုင်လုပ်ငန်းရှင်များအား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန့်နေညနေပိုင်းက ထားဝယ်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။

လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း မြို့နယ်အဆင့် စာရင်းကောက်၊ စာရင်းစစ်သင်တန်းသားများ မြေပြင်လက်တွေ့ကွင်းဆင်းလေ့ကျင့်သင်ကြား

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၏ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ဘုတ်ပြင်းမြို့ အောင်မင်္ဂလာရပ်ကွက်တွင် သင်တန်းသားများ လက်တွေ့ကွင်းဆင်းလေ့ကျင့်သင်ကြားခဲ့ကြသည်။

ကော့သောင်းမြို့သို့ နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက်

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူများအား  ထိုင်းနိုင်ငံ၊ရနောင်းမြိုမှတဆင့် မြန်မာ နိုင်ငံ၊ ကော့သောင်းမြို့သို့ရေလမ်းခရီးဖြင့် တာဝန်ရှိအဖွဲ့အစည်းများထံသို ယမန်နေ့မွန်းလွဲပိုင်းက လွှဲပြောင်းပေးအပ်ခဲ့ရာ အမျိုးသား(၁၁၃)ဦး၊ အမျိုးသမီး (၁၅) ဦး စုစုပေါင်း (၁၂၈)ဦး ကော့သောင်းမြို့၊  ဘုရင့်နောင်ဆိပ်ကမ်းသို ပြန်လည်ရောက်ရှိခဲ့သည်။

လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ပုလောမြို့နယ်၊ ပလောက်မြို့အတွင်း ကွင်းဆင်းမည့်သင်တန်းသားများ လက်တွေ့ကွင်းဆင်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့ (၄) ရပ်ကွက်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ပလောက်မြို့၊ အမှတ်( ၃ )ရပ်ကွက်တွင် သင်တန်းသားများ လက်တွေ့ကွင်းဆင်းခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြိတ်မြို့ရေပေးဝေရေးစီမံကိန်းနှင့်စပ်လျဉ်း၍ နောက်ဆက်တွဲ သဘောတူစာချုပ် လက်မှတ်ရေးထိုးချုပ်ဆိုမည့် အခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရေပေးဝေရေးစီမံကိန်းနှင့်စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် BBWI & MCPC Co.,Ltd တို့အကြား တည်ဆောက်၊ လုပ်ကိုင်၊ လွှဲပြောင်းခြင်းဆိုင်ရာသဘောတူစာချုပ်(B.O.T)၏ နောက်ဆက်တွဲ သဘောတူစာချုပ် လက်မှတ်ရေးထိုးချုပ်ဆိုမည့် အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာများကို ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးပွဲကို   ယမန်နေ့နေ့လယ်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

သရက်ချောင်းမြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး  လူငယ်စကားဝိုင်းကျင်းပ

နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန်အတွက်တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ (အ-ထ-က)သရက်ချောင်းကျောင်း(ပညာရတနာခန်းမ)၌ ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ရေဘေးဒဏ်ခံစားရသောဒေသများရှိ ပြည်သူများအား လှူဒါန်းသောအလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

တိုင်ဖွန်းမုန်တိုင်းရာဂီ၏ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံအနှံ့အပြားတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး ရေဘေးဒဏ်ခံစားရသောဒေသများရှိ ပြည်သူများအား လှူဒါန်းသော အလှူငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြိတ်မြို့တွင် အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်ခရိုင်အမျိုးသမီးကော်မတီ အစည်းအဝေး ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်ခရိုင်အမျိုးသမီးကော်မတီအစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် ပြုလုပ်ခဲ့ကြသည်။

ရေဖြူမြို့နယ်၌ ၂၀၂‌၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက်သင်တန်း ဖွင့်လှစ်သင်ကြား

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ၂၀၂‌၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း စာရင်း စစ်/စာရင်းကောက် (၁၂)ရက်တာသင်တန်းကို  ယခုလ ၁၇ ရက်နေ့မှစ၍ ရေဖြူမြို့၊ ကျောင်းခန်းမ၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး