မြိတ်မြို့တွင် အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်ခရိုင်အမျိုးသမီးကော်မတီ အစည်းအဝေး ပြုလုပ်

မြိတ် စက်တင်ဘာ ၂၅

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြိတ်ခရိုင်အမျိုးသမီးကော်မတီအစည်းအဝေးကို ယနေ့နံနက်(၉)နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် ပြုလုပ်ခဲ့ကြသည်။

အစည်းအဝေးကို အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး ကဏ္ဍများတွင် စွမ်းဆောင်ရည်မြှင့်မားရေးအတွက် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရေး၊ ကျား/မတန်းတူညီမျှရန် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးစသည့် ကိစ္စရပ်များကို ကော်မတီဝင်ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကဏ္ဍအလိုက် ပူးပေါင်းချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အစည်းအဝေတွင် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်‌ဇော်က အမှာစကားပြောကြာပြီး ခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်အေးက ကော်မတီလုပ်ငန်းတာဝန်များနှင့် ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီဝင်များက ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြပြီး ခရိုင်အမျိုးသမီးကော်မတီဥက္ကဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)