ပလောက် စက်တင်ဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့ (၄) ရပ်ကွက်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ပလောက်မြို့၊ အမှတ်( ၃ )ရပ်ကွက်တွင် သင်တန်းသားများ လက်တွေ့ကွင်းဆင်းခဲ့ကြသည်။
သင်တန်းတွင် သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာနှင့် ၂ဝ၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက် ယူရေး အစီအမံများ၊ သန်းခေါင်စာရင်းလုပ်ငန်းစဉ်၊ စာရင်းစစ်၊ စာရင်းကောက်များ၏ အခန်းကဏ္ဍများနှင့် တာဝန်များ၊ ဥပဒေပြဌာန်းချက်များ၊ စာရင်းကောက်ကွက်နှင့် စာရင်းစစ်မြေ ပုံများ၊ အိမ်အကြောင်းအရာမေးခွန်းများ၊ လူဦးရေဆိုင်ရာအချက်အလက် မေးခွန်းများစသည့် ဘာသာရပ်များကို သင်တန်းသားများအား စာတွေ့သင်ကြားပေးခဲ့ပြီး ပြည်သူလူထုအတွင်း လက်တွေ့ကွင်းဆင်း လေ့ကျင့်သင်ကြားဆောင်ရွက်ကြခြင်းဖြစ်သည်။
သင်တန်းကို စက်တင်ဘာ(၁၇)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းသား(၉)ဦး တက်ရောက်ခဲ့သည်။ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကောက်ယူခြင်းလုပ်ငန်း ပုလောမြို့နယ်၊ ပလောက်မြို့ အမှတ်(၁/၂/၃/၄ )ရပ်ကွက်များအလိုက် သန်းခေါင်စာရင်းကောက်ကွက်များတွင် စာရင်းကောက်အဖွဲ့များမှ အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ စာရင်းကောက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)