ထားဝယ်မြို့နယ်အတွင်းရှိ ရွှေဆိုင်လုပ်ငန်းရှင်များအား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ထားဝယ်         စက်တင်ဘာ   ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ ရွှေဆိုင်လုပ်ငန်းရှင်များအား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန့်နေညနေပိုင်းက ထားဝယ်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးတင်ထွန်းရွှေက ရွှေဆိုင်လုပ်ငန်းရှင် အခွန်ထမ်းပြည်သူများအား အခွန်အကြောင်း သိရှိထားရန်လိုအပ်ကြောင်း၊  ရွှေစင်၊ ရွှေတုံးများ (စံချိန်မီရွှေချောင်း၊ ရွှေတုံး၊ ရွှေဒင်္ဂါးများ)နှင့် ရွှေထည် လက်ဝတ်ရတနာများရောင်းချခြင်းအတွက် ရောင်းရငွေအပေါ် ၃ ရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန်ကျသင့်မည်ဖြစ်ကြောင်းနှင့် အခွန်အမှတ် တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများအား ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆွေးနွေးပွဲသို့ မြို့နယ်အခွန်ဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ ရွှေဆိုင်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့် ရွှေဆိုင်လုပ်ငန်းရှင် အခွန်ထမ်းပြည်သူ  ၄၂ ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)