ကော့သောင်းမြို့နယ်အတွင်း ပြည်တော်အေးစေတီတော်မြတ်ကြီးတန်ဆောင်တိုင်ဘုရားပွဲတော်တွင် ဘုရားဖူးလာပြည်သူများ၊ ဆီမီးပူဇော်သူများဖြင့် စည်ကား
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်ရှိ မြို့ကျက်သရေဆောင် ပြည်တော်အေးစေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သောတန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို တန်ဆောင်မုန်းလပြည့်နေ့မှစတင်ကာ လပြည့်ကျော် ၈ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဗုဒ္ဓဘာသာထုံးတမ်းအစဉ်အလာနှင့်အညီ ကုသိုလ်ကောင်းမှုပြုလုပ်၍ ကုသိုလ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။