တနင်္သာရီတိုင်းဒေသကြီး

ဘုတ်ပြင်းမြို့နယ်၌ သတ်မှတ်စျေးနှုန်းဖြင့် ဆန်ရောင်းချမှု ရှိ၊ မရှိ တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌အခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်ရေး၊ ပြည်သူများ လွယ်ကူလွတ်လပ်စွာ ဝယ်ယူစားသုံး၍ ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ ဆန်ဆိုင်များ ပုံမှန်လည်ပတ်ဖွင့်လှစ်၍ သတ်မှတ်စျေးနှုန်းဖြင့် ဆန်ရောင်းချခြင်းနှင့်စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ၊ မရှိကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်းပါ‌ဝင်သော ဌာနဆိုင်ရာတာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပညာ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြုပညာ လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကမ်းကြီးကျေးရွာအုပ်စု၊ မရွှေဦးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရေဖြူမြို့တွင် ပြည်သူများအား မီးဘေးလုံခြုံရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပြီး ကျောင်းသား/ သူများအား မီးဘေးအန္တရာယ် အသိပညာပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့တွင် မီးသတိမူရေး၊ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှဦးဆောင်၍ မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ကျောင်းသား/ သူများအား မီးဘေးအန္တရာယ်အသိပညာပေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြသည်။

သရက်ချောင်းမြို့နယ်၌ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် သုတ/ ရသစာအုပ်၊ စာစောင်များ ခင်းကျင်းပြသ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်၌ ယမန်နေ့က (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို သရက်ချောင်းမြို့၊ အခြေခံပညာ အ.ထ.က သရက်ချောင်းကျောင်း (ပညာရတနာခန်းမ)တွင် ကျင်းပသည်။

ကရသူရိမြို့၌ ပလတ်စတစ်ညစ်ညမ်းမှုကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့်နံရံကပ်ဘုတ် ပြသ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ကျောင်းသား/သူများအား ပလတ်စတစ်ညစ်ညမ်းမှုကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်ဘုတ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် အမျိုးသမီးငယ်များအား အသိပညာပေးဟောပြော

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်နေကြသည့် သင်တန်းသူ အမျိုးသမီးငယ်များအား ဌာနဆိုင်ရာတာဝန်ရှိသူများမှ ယမန်နေ့က ကဏ္ဍအလိုက် အသိပညာပေး ဟောပြောခဲ့ကြသည်။

ကရသူရိမြို့၌ ကျောင်းသား/ သူများ ဂိမ်း(Game) ပြိုင်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊  ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/ သူများ  ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိတ်ရွှင်လန်းစေရေး ကလေးများအကြိုက်ဂိမ်း (Game) ပြိုင်ပွဲများကို ယမန်နေ့ညနေက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့၌ အခြေခံပညာကျောင်းများသို့ သုတ/ ရသစာအုပ်၊ စာစောင်များ ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ထားဝယ်မြို့၊ အခြေခံပညာကျောင်းများသို့ သုတ/ရသစာအုပ် စာစောင်များ ငှားရမ်းပေးခဲ့သည်။

သရက်ချောင်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ကျောင်းသား/ သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာစေရန်ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်‌ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ပူပေါင်း၍ ယနေ့နံနက် ၁၀နာရီအချိန်က သရက်ချောင်းမြို့၊ အ.ထ.က (သရက်ချောင်း) ကျောင်း(ပညာရတနာခန်းမ)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပသည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး