သရက်ချောင်း ဒီဇင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ယမန်နေ့က (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို သရက်ချောင်းမြို့၊ အခြေခံပညာ အ.ထ.က သရက်ချောင်းကျောင်း (ပညာရတနာခန်းမ)တွင် ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က (သရက်ချောင်း) ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မာမာကြူက ကျောင်းသား/ သူများအား လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ လွတ်လပ်ရေးရရန် ကြိုးပမ်းရာတွင် တိုင်းရင်းသားလူမျိုးများအချင်းချင်း စည်းလုံးညီညွှတ်စွာ ပါဝင်ကြကြောင်း၊ လွတ်လပ်ရေးနေ့သည် ပြည်သူတစ်ရပ်လုံးအတွက် ပျော်ရွှင်ရဆုံးသောနေ့ထူးနေ့မြတ်ဖြစ်ကြောင်း၊ ကျောင်းသား/ သူများကလည်း အထင်ကရနေ့ထူးနေ့မြတ်များကို ချစ်မြတ်နိုးတတ်ရန် အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက ကျောင်းသား/သူများအား ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် (၉) ဦး လွတ်လပ်ရေးရန် ကြိုးပမ်းရာတွင် အခက်အခဲအမျိုးမျိုးကြုံတွေ့ရပုံနှင့် လုပ်ကြံသတ်ဖြတ်ခံရပုံသမိုင်းကြောင်း၊ ကျောင်းစည်းကမ်းများကို လိုက်နာကြပြီး စာကိုကြိုးစားသင်ယူကြရန်၊ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် သုတ/ ရသစာအုပ်၊ စာစောင်များ ခင်းကျင်းပြသရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ အခမ်းအနား ရုပ်သိမ်းလိုက်ပြီးနောက် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား/သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန် နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်၊ စာစောင်များအား ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)