ဘုတ်ပြင်းမြို့နယ်၌ သတ်မှတ်စျေးနှုန်းဖြင့် ဆန်ရောင်းချမှု ရှိ၊ မရှိ တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ဘုတ်ပြင်း ဒီဇင်ဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌အခြေခံစားသောက်ကုန်များ ဈေးနှုန်းတည်ငြိမ်ရေး၊ ပြည်သူများ လွယ်ကူလွတ်လပ်စွာ ဝယ်ယူစားသုံး၍ ကုန်ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ ဆန်ဆိုင်များ ပုံမှန်လည်ပတ်ဖွင့်လှစ်၍ သတ်မှတ်စျေးနှုန်းဖြင့် ဆန်ရောင်းချခြင်းနှင့်စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ၊ မရှိကို ယနေ့နံနက် () နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပူးပေါင်းပါဝင်သော ဌာနဆိုင်ရာတာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်ဌာနဆိုင်ရာများ ပါဝင်သောပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူများသည် ဘုတ်ပြင်းမြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များသို့ သွားရောက်ပြီး အခြေခံအိမ်ထောင်စုများအား သတ်မှတ်ရည်ညွှန်းစျေးအတိုင်း ဆန်ရောင်းချပေးနေခြင်း ရှိ၊ မရှိ လိုက်လံကြည့်ရှုစစ်ဆေးပြီး အခြေခံစားသောက်ကုန်ပစ္စည်းများအား ကုန်စျေးနှုန်းကြီးမြင့်စွာ ရောင်းချခြင်း မပြုလုပ်ကြရန်နှင့် ကုန်စျေးနှုန်းတည်ငြိမ်ရေးဆောင်ရွက်နေမှု အခြေအနေများအား ပြောကြားခဲ့ပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)