ကရသူရိမြို့၌ ကျောင်းသား/ သူများ ဂိမ်း(Game) ပြိုင်ပွဲ ကျင်းပ

ကရသူရိ ဒီဇင်ဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/ သူများ  ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိတ်ရွှင်လန်းစေရေး ကလေးများအကြိုက်ဂိမ်း (Game) ပြိုင်ပွဲများကို ယမန်နေ့ညနေက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာကြည့်တိုက်သို့လာရောက်ကြသည့် ကျောင်းသား/ သူများနှင့် စာဖတ်ဝါသနာရှင်ကလေးငယ်များ စိတ်ရွှင်လန်းဆန်းကြည်နူးစေ‌ရေး ၎င်းတို့ ဝါသနာထုံရာပြိုင်ပွဲများဖြစ်သည့် ဒိုးဆက်ကစားခြင်း၊ အိမ်ဆောက်ကစားခြင်း၊ အင်္ဂလိပ်အက္ခရာစာလုံးစီခြင်း၊ အရုပ်ခေါက်ခြင်းတို့ကို ပျော်ရွှင်စွာ ယှဥ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲသို့ ကရသူရိမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ (၂၆) ဦး ယှဥ်ပြိုင်ကစားခဲ့ပြီး ဆုရရှိသူများကို မြို့ဦးစီးမှူးက မေတ္တာလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)