ကရသူရိ ဇွန် ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများ အသိပညာ ဗဟုသုတတိုးပွားရေး Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ လက်ဝယ်အရောက်ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၁ နာရီက အခြေခံပညာအထက်တန်း ကျောင်း၌ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ကျောင်းသား/ သူများ အားလပ်သည့်အချိန်များတွင် မိမိဝါသနာထုံရာများကို စာအုပ်/ စာပေများဖတ်ရှုခြင်းဖြင့် အသိပညာ/အတတ်ပညာများရရှိရေး၊ ဦးနှောက်နှင့်ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာပေဝါသနာရှင်များဖြစ်ပေါ်စေရေး၊ စာဖတ်သည့် အကျိုး ကျေးဇူးများအား သိရှိနားလည်နိုင်ရေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက လက်ဝယ်အရောက် ငှားရမ်းပေးခြင်းဖြစ်ရာ အဆိုပါငှားရမ်းရာ၌ သုတ/ရသ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ ဝတ္ထု၊ ရုပ်ပြ၊ ကာတွန်းနှင့် အထွေထွေဗဟုသုတစာအုပ်များငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)