ကရသူရိမြို့၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေး ဟောပြောပွဲ ဆောင်ရွက်

ကရသူရိ ဇွန် ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ကျောင်းသား/သူများအား ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၁ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောရာတွင် နယ်မြေရဲစခန်းမှ ဒုရဲအုပ်အောင်ခိုင်ဝင်းက ကျောင်းသား/ သူများအနေဖြင့် အသက် (၁၈) နှစ်ပြည့်ပြီးသူများသာလျှင် ယာဥ်မောင်းနှင်ခွင့်ရှိပြီး ထိုသို့ယာဥ်အသုံးပြုရာတွင် လိုက်နာရမည့် သတ်မှတ်ထားသည့် စည်းကမ်းချက်များ ရှိပါကြောင်း၊ ယာဥ်မောင်းလိုင်စင်၊ ယာဥ်လိုင်စင်များရှိရန်လည်း လိုအပ်ကြောင်း၊ ယာဥ်မောင်းနှင်ရာတွင် မူးယစ်ဆေးဝါး၊ အရက်သေ စာများ အသုံးမပြုသင့်ကြောင်း၊ မီးပွိုင့်များတွင် အချက်ပြမီးများအကြောင်း၊ လမ်းဖြတ်ကူးခြင်း၊ ကျော်တက်ခြင်းနှင့်ယာဥ်အချက် ပြမီးများတို့ကို သိရှိထားရမည့် ဖြစ်ကြောင်း၊ မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် ဦးထုတ်ကိုဆောင်းထားရန်လိုကြောင်း၊ ကားမောင်းနှင်ရာတွင် ခါးပတ်ပတ်ထားရန်လိုအပ်ကြောင်းနှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို အကျယ်တစ်ဝင့် ပညာပေးဟောပြောခဲ့ကြောင်းသိရသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများ ဖြည့်စွက်ပြောကြားပြီး ကျောင်းသား/သူများ၏ မေးမြန်းချက်များအားအပြန်အလှန်ဆွေးနွေးခဲ့ကြောင်းနှင့်ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာအသိပညာပေး ဟောပြောခြင်းသည် ကျောင်းသား/ သူများ ယာဥ်အန္တရာယ်ကင်းဝေးစေရေးနှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များအား လိုက်နာအသုံးပြုတတ်စေရေးဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါဟောပြောပွဲသို့ ကျောင်းသား/ သူ (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်